# Akyanpay မိတ်ဆက်

ရူးသွပ်မှု နဲ့ စတင်တယ်။လူကြီးဆိုတာ ကလေးအကြီးစားပါ။ကျွန်တော်တို့မှာ အတွေးတွေ၊အကြံဥာဏ်တွေရှိမယ်။ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ပြန်တွေ့တော့လွန်ခဲ့တဲ့ ၁၂ ကျော်ကတည်းကဖြစ်ချင်တယ်ပြောခဲ့တာတွေကိုဆက်လုပ်နေတော့တော်တော်ဇွဲကောင်းတာပဲနော်တဲ့။

အမှန်တော့ ကိုယ်ကလူ့ဂွစာလို့ပြောရမယ်။အပြင်မှာ လူတွေမသိကြဘူး။တစ်ခုခုဆို မတူတဲ့နည်းလမ်း၊ပိုကောင်းတဲ့ နည်းလမ်းနဲ့လုပ်ချင်တယ်။၇ တန်းမှာ သမိုင်းကိုလူတွေမရတဲ့စာကို ဒုက္ခခံပြီး အော်ကျက်နေတဲ့အချိန်မှာပုံလေးတွေဆွဲပြပြီး timeline တစ်ခုနဲ့ ပြဖူးတယ်။အဲ့တုန်းကတော့ မှတ်ဥာဏ်ကို hack လုပ်လို့ရတဲ့နည်းတွေ မသိသေးတဲ့ ကလေးအရွယ်။New idea နဲ့ innovation ကို ကြိုက်တာနဲ့စာမှတ်မိအောင် flashcard, mindmap,loci method, speed-readingအစရှိတဲ့ ဖြတ်လမ်းတွေသုံးခဲ့သလိုအောင်လဲအောင်မြင်ခဲ့တယ်။

ကြိုးစားရင်အောင်မြင်မယ်ဆိိုတာ မယုံဘူး။ကြိုးစားမှုဆိုတာ အခြေခံလိုအပ်ချက်ဖြစ်တယ်။နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့က နည်းစနစ်လိုတယ်။လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းကဒီလို tools တွေစုထားတဲ့ စနစ်တစ်ခုရချင်ခဲ့တာ။

နည်းပညာလိုအပ်ချက်တွေကြောင့်ကျွန်တော့် team နဲ့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ကြားထဲမှာ clients တွေအတွက်ပြဿနာပေါင်းများစွာ ကူညီဖြေရှင်းပေးရင်းနည်းစနစ်အသစ်တွေကို တွေ့ရှိခဲ့တယ်။Entrepreneurs/ Business Coaching/Consultantပြုလုပ်မည့်သူတွေအတွက် မသုံးမဖြစ် framework တွေစုစည်းထားပေးတဲ့အပြင် template တွေ၊ assessment တွေနဲ့ file storage ပါစီစဥ်ပေးထားပါတယ်။&#x20;

အဓိက ကိုယ်နဲ့ ကိုယ့် team အသုံးပြုပြီး Client တွေအတွက် အဆင်ပြေအောင်ဖန်တီးဖြစ်ထားတာဖြစ်တယ်။ကျွန်တော်ယုံကြည်တာကတော့ Business ဆိုတာ spiritual pursuit တစ်ခုပါ။ဒါကြောင့် Build the business you love ပါ။

Phyo Paing @ Derek


---

# Agent Instructions: Querying This Documentation

If you need additional information that is not directly available in this page, you can query the documentation dynamically by asking a question.

Perform an HTTP GET request on the current page URL with the `ask` query parameter:

```
GET https://blog.akyanpay.com/master.md?ask=<question>
```

The question should be specific, self-contained, and written in natural language.
The response will contain a direct answer to the question and relevant excerpts and sources from the documentation.

Use this mechanism when the answer is not explicitly present in the current page, you need clarification or additional context, or you want to retrieve related documentation sections.
