# Journaling

ဒီကာလမှာ စိတ်ရှုပ်စရာတွေ အရင်ကထက် ပိုများတတ်ပါတယ်။ အတွေးတွေရှင်းဖို့ အောင်မြင်သူတွေကျင့်သုံးနေတဲ့ နည်းစနစ်တစ်ခုကို မိတ်ဆက်ပေးသွားပါမယ်။ အားလုံးသိထားကြတဲ့ Productivity ဂုရုကြီး Tim Ferriss ကတော့ သူ့ဘဝအမြဲတိုးတက်နေဖို့ သူ့အတွေးတွေအမြဲပြန်သုံးသပ်ဖို့ Jounaling လုပ်တယ်လို့ဆိုပါတယ်။​&#x20;

![](https://835610872-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-MO09j3iS4nX3Ce8kytW%2F-McxQSa2WI22fAl4zZgL%2F-McxQXr_HqCMqr1OGXMD%2F127579247_236289041179693_7315268221751664807_n.jpeg?alt=media\&token=ffe801bc-4209-46a3-8362-49cb3dc16eb9)

Journaling ဆိုတာ အောင်မြင်သူ High-performer တွေကျင့်သုံးလေ့ရှိတဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။ တစ်ရက်တာမစခင်မှာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ ခံစားချက်အတွေးတွေကို ရေးချဖွင့်ထုတ်တာကို Jounaling လို့ခေါ်ပါတယ်။&#x20;

Journaling လုပ်တဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တယ်၊ အတွေးတွေကို ပိုရှင်းစေသလို၊​ ကိုယ့်ရဲ့အတွေးတွေကို မှတ်တမ်းတင်နိုင်ပြီး ပြန်လည်သုံးသပ်လို့ရပါတယ်။&#x20;

Journaling ရေးဖို့ rule တွေမရှိပါဘူး။ ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်တဲ့အတွေးကို မနက်အခါမှာ ချရေးရုံပါပဲ။ တချို့က ညမှာပါရေးကြပါတယ်။ ညမှာရေးတဲ့သူအများစုက တစ်ရက်တာမှာ ကိုယ်သင်ယူလိုက်ရတဲ့အရာတွေ၊ အတွေးတွေရေးပါတယ်။ စာရေးသူလဲ အမြဲ Journaling လုပ်ဖြစ်ပါတယ်။ Journaling ဟာ ကိုယ့်ဘဝကို ပြန်သုံးသပ်တဲ့နေရာမှာ အလွန်အထောက်အကူပြုတာကြောင့် ပုံမှန်လုပ်ဖြစ်ပါတယ်။

[Journaling](https://akyanpay.com/journaling/) လုပ်ဆောင်နိုင်ပါပြီ။&#x20;
