> For the complete documentation index, see [llms.txt](https://blog.akyanpay.com/llms.txt). Markdown versions of documentation pages are available by appending `.md` to page URLs; this page is available as [Markdown](https://blog.akyanpay.com/using-templates/ikigai.md).

# IKIGAI ဆိုတာ

ဘဝအဓိပ္ပာယ်ကို ရှာဖွေဖို့ ikigai

Ikigai ဆိုတာ ဂျပန် အတွေးအခေါ်တစ်ခု ဖြစ်ပြီး အဓိပ္ပာယ်ရှိတဲ့ ဘဝတည်ဆောက်ဖို့ အလွယ်အထောက်အကူပြုတဲ့ နည်းစနစ်တစ်ခုလဲဖြစ်ပါတယ်။&#x20;

မေးခွန်းလေးခုကတော့ ဒီစကားလုံး လေးလုံးကနေ ထွက်ပေါ်လာတာဖြစ်ပါတယ်။​

Yarigai — the value of doing&#x20;

Hatarakigai — the value of working&#x20;

Asobigai — the value of playing&#x20;

Shinigai — the value of dying&#x20;

![](https://835610872-files.gitbook.io/~/files/v0/b/gitbook-legacy-files/o/assets%2F-MO09j3iS4nX3Ce8kytW%2F-McxQwVVQ6d5RUKHcXgK%2F-McxR8sFuYeni5pLCk3J%2Fnoticia2_def.png?alt=media\&token=777001c3-3a85-4174-b32a-a68700ee1417)

Akyanpay Creator Studio အသုံးပြုသူတွေအတွက် အကျိုးရှိစေတဲ့ Tools တွေ research လုပ်ရင်း ဒီစနစ်လေးကို ထည့်ဖို့စဥ်းစားမိခဲ့တာပါ။ ၂၀၁၅ နောက်ပိုင်းမှာ ကျွန်တော့်ဘဝစတင်အပြောင်းအလဲဖြစ်လာပါတယ်။ နေရတာ၊ အလုပ်လုပ်ရတာပိုပြီး အဓိပ္ပာယ်ရှိလာပါတယ်။ ဒီအချက်ကို ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မိပါတယ်။ နောက်တော့ Ikigai (အစ်ခီဂိုင်း) နဲ့ကိုက်ညီနေတာကိုသွားတွေ့ရပါတယ်။ ဒါကြောင့် ဒီနည်းစနစ်လေးကို မျှဝေပေးလိုက်ပါတယ်။

ဒီတော့ ကိုယ့်ဘဝအဓိပ္ပာယ်ကိုတည်ဆောက်ဖို့ မေးခွန်းလေးခုကတော့&#x20;

၁။ Things I Love Doing

ကိုယ်ချစ်တဲ့အလုပ်တွေက ဘာတွေများလဲ?

၂။ Things The World Needs

ကမ္ဘာကြီး (သို့) စျေးကွက်ကလိုအပ်နေတဲ့အရာတွေကဘာတွေလဲ?

၃။ Things I Can Be Paid For

ကိုယ့်ကို ဝင်ငွေရှာပေးနိုင်တဲ့အရာတွေကဘာတွေလဲ?

၄။ Things I Am Good At

ကိုယ်ကျွမ်းကျင်တဲ့အရာတွေက ဘာတွေလဲ?

ဒီလေးခုပေါ်ကို သုံးသပ်ပြီး ကိုယ့်ရဲ့ Ikigai ဘဝအဓိပ္ပာယ်ကိုရှာဖွေပြီး Passion နဲ့ Profession ကိုချိပ်ဆက်လို့ရသလို၊ Passion ကို Profit အနေနဲ့ ပြောင်းနိုင်ပါတယ်။

[Go to IKIAGI](https://akyanpay.com/ikigai/) မှာ လေ့လာနိုင်ပါပြီ။&#x20;
