Akyanpay Creator Studio အသုံးပြုသူတွေအတွက် အကျိုးရှိစေတဲ့ Tools တွေ research လုပ်ရင်း ဒီစနစ်လေးကို ထည့်ဖို့စဥ်းစားမိခဲ့တာပါ။ ၂၀၁၅ နောက်ပိုင်းမှာ ကျွန်တော့်ဘဝစတင်အပြောင်းအလဲဖြစ်လာပါတယ်။ နေရတာ၊ အလုပ်လုပ်ရတာပိုပြီး အဓိပ္ပာယ်ရှိလာပါတယ်။ ဒီအချက်ကို ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မိပါတယ်။ နောက်တော့ Ikigai (အစ်ခီဂိုင်း) နဲ့ကိုက်ညီနေတာကိုသွားတွေ့ရပါတယ်။ ဒါကြောင့် ဒီနည်းစနစ်လေးကို မျှဝေပေးလိုက်ပါတယ်။