ကိုယ့်ရဲ့အကြံဉာဏ်တွေကိုလျင်လျင်မြန်မြန်လွယ်လွယ်ကူကူပုံဖော်နိုင်တယ်။ ကိုယ့်ရဲ့ အကြံဉာဏ်က ဘာလဲဆိုတာကိုရှင်းလင်းစေပြီး ဒီအကြံဉာဏ်ကနေ စီးပွားရေးလုပ်ငန်းတစ် ခုအဖြစ်အသွင်ပြောင်းဖို့လိုအပ်တာတွေကိုပုံဖော်ပေးပါတယ်။ BMC မှာဆိုရင်ဟိုးအရင်ကလိုသမားရိုးကနည်းတွေလိုစာမျက်နှာတွေ အများကြီး မလိုပါဘူး။ စာရွက်တစ်မျက်နှာပေါ်ကနေပြီး လုပ်ငန်းရဲ့အရေးကြီးတဲ့အပိုင်းတွေ မလိုအပ်တဲ့အရာတွေ စတာတွေကိုဖော်ပြပေးမှာပါ။ BMC ဟာ ကျိုးကြောင်းဆီလျော်ပြီး ရှင်းလင်းပြတ်သား တဲ့အတွက်အလွန်အသုံးတည့်တဲ့လက်နက်တစ်ခုဖြစ်ပါတယ်။